
အေမရိကန် နိုင်ငံသား မစ္စတာ ဂွျန် ဝီလီယံ ယက်ေထာသည် အစားအစာ မစားတဲ့ အတွက် ေဆးဝါးများ၊ ေသာက်ေရသန့်၊ ဓါတ်ဆားေရ တုိ့ကုိ စီစဉ် ေပးထားြပီး၊ အဟာရ ြဖစ်ေအာင် ေဆာင်ရွက် ေပးထားရကာ အင်းစိန်
အကျဉ်းေထာင် ေထာင်ေဆးရုံ သီးသန့် အခန်းမှာ ထားရှိလှျက် အစစ ြပည့်စုံေအာင် စီစဉ် ေပးထားေြကာင်း ဇွန်လ ၂၅ ရက်ေန့က ကျင်းပေသာ သတင်းစာ ရှင်းလင်းပွဲ၌ ြမန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သတင်းစာ ဆရာများနှင့် သံရံုးများ မှ သံတမန်များအား ေြပာြကားခဲ့ေြကာင်း ပါရှိသည်။ ဂွျန် ဝီလီယံ ယက်ေထာ မည်သည့် အတွက်ေြကာင့် အစားအစာ မစား၊ ရက်ေပါင်းမည်မှျ ြကာခဲ့ြပီ ဆုိသည့် အချက်အလက် များကုိမူ ေြပာြကားခဲ့ြခင်း မရှိေချ။
အေမရိကန် နိုင်ငံသား ဝီလီယံ ယက်ေတာ ကို နိုင်ငံေတာ်ကို ေနှာင့်ယှက် ဖျက်ဆီး လိုသူအား အားေပး ကူညီမှု ရာဇသတ်ြကီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ြကီးြကပ်ေရး ဥပေဒ ပုဒ်မ၊ ရန်ကုန်ြမို့ေတာ် စည်ပင်သာယာ ဥပေဒ တို့ြဖင့် တရားစွဲဆို ထားြခင်းြဖစ်သည်။ အဆုိပါ ကိစ္စ နှင့် ပတ်သက်၍ မစ္စတာ ယက်ေတာ ရဲ့ ေရှ့ေန ဦးခင်ေမာင်ဦး အား ဆက်သွယ် ခဲ့ေသာ်လည်း ဆက်သွယ်မှု ရရှိခဲ့ြခင်း မရှိခဲ့ေချ။















