
ေဒါ်ေအာင်ဆန်းစုြကည် အား တရား စွဲတင် စစ်ေဆးေနေသာ အင်းစိန်ေထာင် အထူးတရားရုံး တရားခွင် ကုိ ဂျူလိုင်လ ၁၀ ရက်ေန့သုိ့ ေြပာင်းေရွှ့ လုိက်ြပီ ြဖစ်သည်။
အင်းစိန်ေထာင် အထူးတရားရုံး ၏ တရားသူြကီးများ က ဗဟုိတရားရုံးမှ အမှု နှင့် ပတ်သက် သည့် စာရွက်စာတမ်းများ အား မရရှိ ေသးသည့် အတွက် ယခုလုိ ေရွှ့ဆုိင်းရန် ဆုံးြဖတ်ခဲ့ြခင်း ြဖစ်ေြကာင်း၊ ေရှ့ေနြကီး ဦးဉာဏ်၀င်း က ေြပာြကား လိုက်သည်။ ယခုလုိ ေရွှ့ဆုိင်းေြကာင်း ေြကညာ ခဲ့့ြခင်းသည် ကုလသမဂ္ဂ အတွင်းေရးမှူးချုပ် မစ္စတာဘန်ကီမွန်း ရန်ကုန်သုိ့ ေရာက်ရှိြပီး မိနစ်ပုိင်း အတွင်း ြဖစ်ေပါ် လာခဲ့ြခင်း ြဖစ်သည်။
ဂျူလိုင် ၁၀ ရက် ေန့တွင် ရန်ကုန်တုိင်း တရားရုံးက ထပ်မံ ခွင့်ြပုထားြပီး ြဖစ်ေသာ ေဒါ်ခင်မုိးမုိး အား စစ်ေဆးေမးြမန်း လိမ့်မည်ဟု ယုံြကည်ရေြကာင်း သိရှိရသည်။ ေဒါ်ေအာင်ဆန်းစုြကည် ဘက်မှ ေရှ့ေနများက သက်ေသ ၄ဦး တင်သွင်း ထားခဲ့ေသာ်လည်း အင်းစိန်တရားရုံး က သက်ေသ တဦးသာ ခွင့်ြပုခဲ့သည့် အတွက် အထက် တရားရုံးများသုိ့ အဆင့်ဆင့် တင်ြပရာ ရန်ကုန်တုိင်း တရားရုံး က ေနာက်သက်ေသ ေဒါ်ခင်မုိးမိုး ကုိသာ ထပ်မံ ခွင့်ြပု ထားခဲ့သည်။
ယခုလုိ ေနအိမ် အကျယ်ချုပ် ေဖာက်ဖျက်မှုြဖင့် စွပ်စွဲ အမှုဖွင့် ထားသည့် ေဒါ်ေအာင်ဆန်းစုြကည် အား ေထာင်ဒဏ် ၅နှစ် အထိ န.အ.ဖ စစ်အစုိးရ မှ အေရးယူ နုိင်ေြကာင်း သိရှိရသည်။















