![အေနာက်အိန္ဒိယ သမုဒ္ဒရာတွင် ဆိုးသွမ်းေသာင်းကျန်း ေနေသာ ဆုိမာလီယာပင်လယ်ဓားြပ ေလှများအား ေတွ့ရှိရစဉ် © [ Photo the International Herald Tribune. USA Today ] alt](http://i39.tinypic.com/152j1ud.jpg)
NATO စစ်မဟာမိတ် တပ်ဖွဲ့မှ စစ်သေဘင်္ာ တစင်းသည် ဆုိမာလီယာ ပင်လယ်ဓားြပ ေလှတစင်းအား ပစ်ခတ် နှစ်ြမှုပ်လုိက် ေြကာင်း သိရှိရသည်။
ပင်လယ် ဓားြပများ မိခင်ေလှအြဖစ် အသံုးြပု ေနသည့် အဆိုပါ သေဘင်္ာကို ဆိုမာလီကမ်းလွန်၊ အိန္ဒိယသမုဒ္ဒရာ အတွင်း မိမိတို့ နှစ်ြမှုပ် လိုက်သည်ဟု ပင်လယ်ဓားြပ တိုက်ဖျက်ေရး ရည်ရွယ်ချက်ြဖင့် အဆိုပါ ေဒသတွင် တာဝန် ထမ်းေဆာင်ေနသည့် ဒိန်းမတ် စစ်သေဘင်္ာ HDMS Absalon မှ တာဝန်ရှိသူ ရိှုနာလို၀ီ က ေြပာြကားခဲ့သည်။
HDMS Absalon သည် အဆိုပါ ေဒသတွင် လက်ရှိတာဝန် ထမ်းေဆာင်ေနသည့် NATO စစ်သေဘင်္ာ (၃)စင်း အနက်မှ (၁)စင်း ြဖစ်သည်။ ပင်လယ် ဓားြပများ၏ ပင်မေလှသည် မိမိတို့ သေဘင်္ာမှ ပစ်ခတ်မှုေြကာင့် မီးေလာင် ကာ နစ်ြမုပ်သွားြပီး ယင်းေလှမှ သေဘင်္ာသားများအား ေလှငယ်တစင်းတွင် ေရွှ့ေြပာင်းကာ ကုန်းေြမသို့ ြပန်ခွင့် ြပုလုိက်ေြကာင်း ရိှုနာက ဆက်လက် ေြပာြကားခဲ့သည်။
မတ်လ (၇)ရက်ေန့က အဆိုပါေလှအား နှစ်ြမှုပ်လုိက်သည့် ေအဒင် ပင်လယ်ေကွ့သည် ပင်လယ်ဓားြပများ ကျက် စားမှု အများြပားဆံုး ေနရာတခုလည်း ြဖစ်သည်။ NATO တပ်ဖွဲ့သည် ယင်းေဒသအတွင်း တာဝန် ထမ်းေဆာင် ေနေသာ်လည်း ပင်လယ်ဓားြပများကို ဖမ်းဆီးခွင့်မရှိဘဲ ၎င်းတို့ပိုင် လက်နက်နှင့် စက်ေလှများကိုသာ ဖျက်ဆီး လိုက်ရြပီး ဓားြပများကို ြပန်လွှတ်ေပးရေြကာင်း သတင်း ရရှိသည်။













