
ေနာက်ဆံုးေပါ် နည်းပညာသံုး အသားကပ် အလွှာ တမျိုးသည် မိမိ၏ အေရြပားကို Touch screen အြဖစ် ေြပာင်းလဲ ေပးနိုင်မည် ြဖစ်သည်။
ထို့ေြကာင့် အဆိုပါ ပစ္စည်း တပ်ထားသူ တဦး သည် မိမိ၏ လက်ေမာင်းကို Touchscreen အြဖစ် အသံုးြပုနုိင်မည်ဟု Micorsoft မှ သုေတသန ဆိုင်ရာ Developer များကဆို သည်။
ကာရင်ဂျီမယ်လွန် တက္ကသိုလ်နှင့် ပူးေပါင်း တီထွင်ေနမှု များအရ ယခု နည်းပညာတွင် အေရြပားအား အလွန် ေသးငယ်သည့် ပရိုဂျက်တာေလး များက Touchscreen အြဖစ် ခလုတ်များ သဖွယ် ထင်ဟပ်လာ ေစေြကာင်း သိရှိရသည်။ Skinput ဟု အမည် ေပးထားသည့် အဆိုပါ အလွှာေလးများ ကပ်ထားသည့် အေရြပားြဖင့် ပညာရှင်များက အသံ အတိုးအေလှျာ့ ြပုလုပ်ြခင်း၊ ရိုးရှင်းေသာ အတံုးဆက်ရသည့် Tetris ကဲ့သို့ ဂိမ်းေလးများ ကစားြခင်းတို့အား ြပုလုပ် နုိင်ေနြပီဟု ေြပာြကား ခဲ့သည်။
ထို့အြပင် ဖုန်းေခါ်သည့် ခလုတ်အြဖစ် လည်းေကာင်း၊ ရိုးရှင်းေသာ Navigate Browsing စံနစ် များတွင် လည်းေကာင်း သံုးစွဲ ထားနိုင်ြပီဟု ဆိုသည်။ ထို့အြပင် ခန္ဓာကိုယ် အေရြပား ေနရာကိုလိုက်၍ Touch screen အသံုးြပုရန် လွယ်ကူမှု ကွာြခားေြကာင်း၊ အဘယ်ေြကာင့် ဆိုေသာ် အေရြပား နူးညံ့မှုနှင့် အရိုး သိပ်သည်းမှုများ အေပါ်မူတည်ကာ အေြပာင်းအလဲ ရှိေနေသာ ေြကာင့် ြဖစ်ေြကာင်း ပညာရှင်များက ေြပာြကားခဲ့သည်။
ေခတ်ေပါ် နည်းပညာ တရပ်အြဖစ် ေပါ်ထွက်လာသည့် Skinput ကို Bluetooth နှင့် Wireless ကဲ့သို့ နည်းလမ်းများြဖင့် ထိန်းချုပ် ခိုင်းေစနိုင်ရန် ပညာရှင်များက ေမှျာ်လင့် ထားသည်။ လက်ရှိ အချိန်တွင် Touch screen စွမ်းအင်အတွက် Skinput ၏ တိကျမှုမှာ (၉၅)ရာခိုင်နှုန်း အထိရှိရာ ယင်း အေြခအေနသည် မိုဘိုင်း ဖုန်းရှိ Touchsreen နည်း ပညာသံုး Application ေြမာက်ြမားစွာ အတွက် အဆင်ေြပနိုင်မည် ြဖစ်ေြကာင်း သိရှိရသည်။













